Saturday 16 August 2008

အသည်းကွဲ ညည်းချင်းသစ်

ဟိုးအဝေးက၊ အဆွေးညမှာ၊
တွေးစအမျှင်၊ တစပြင်လို၊
ရင်ခွင်ထက်ကျ၊ ကွဲအက်ရှတဲ့၊
မွမွအသည်း၊ ခဏပဲဖြစ်ဖြစ်၊
အသစ်တဖန်၊ ပြန်ရှင်သန်ရာ၊
ပြန်ကာရှာတွေ့ ပါရစေ။


မိုးပြေးခဏ၊ သွန်းရွာချစဉ်၊
လွလွဖြူဖွေး၊ စပယ်ထွေးတို့၊
မွှေးမြမြပွင့်၊ နမ်းလိုချင့်ဖွယ်၊
ပန်လင့်ရွယ်လဲ၊ သဲညှာမြဖူး၊
စပယ်ဦးကို၊ ခူးခွင့်မဆုံ၊
ပွင့်အငုံနဲ့၊
မကြုံရဘဲ ဝေးပြန်သည်။

ညှိုးရှေးဘဝ၊ ဆိုးခဲ့ရသည့်၊
မိုးညအိပ်မက်၊ ပျက်သည့်အသည်း၊
အလဲလဲပြို၊ စပယ်ကိုလွမ်း၊
ကျောင်းခန်းထဲမှာ၊ ဒဏ်ရာတွေချည်း၊
ညှာကြွေတခက်၊ ရက်ရက်လွင့်မြော၊
ပျော်လဲမောသည်၊ သောကဆိုတာ၊
နွေခြေရာပေါ့၊ ဝေဒနာပို၊
ငိုမြဲငိုမယ်၊ အငိုရယ်ဖွဲ့၊
စပယ်လဲဝေး၊ အသည်းဆွေးရင်၊
အေးရိပ်ဆိုတာ တွေ့လိုသည်။ ။

ဟယ်ရီ

မိုးညအိပ်မက်ရိပ်တွင် လည်ပြန်လှည့်ကြည့်မိသော မကျက်နိုင်သေးသည့် ကျောင်းခန်းထဲမှ လတ်တလောဒဏ်ရာများဖြင့်သာ ..

No comments: