Tuesday 9 September 2008

အခါတပါးက ခြေရာများ

ပန်းတို့ဖြင့် သွယ်ကုံးအပ်သော
အဆင်တန်ဆာတို့သည် လည်းကောင်း ...
အလွမ်းတို့ဖြင့် ခြယ်မှုန်းအပ်သော
အလင်္ကာတို့သည် လည်းကောင်း ...

အမြင်လွှာတွင် နှစ်လိုရာသော လောက၏အလှနှင့်
ရင်မှာအစဉ် ဖြစ်သိုလာသော သောက၏ညတို့ပင်တည်း။

သူချခဲ့သောခြေရာအနှုတ်အသွင်းများတွင်
အပူကြွခဲ့သောဝေဒနာရုပ်ကြွင်းများတည်၏။

လေမှာလွင့်မျောရသော ရွက်ကြွေတို့ကဲ့သို့
ဝေဒနာရင့်သောကအမောရက်ရှည်တို့ တည်၏။

ဖြေရာမဲ့ဘ၀ကို
နဘေရှာဖွဲ့ရမည်ဆိုပါက
နွမ်းချို့ရင့် ကြေပြုန်းကာ
အသည်းနာ ဘ၀င်ကြွေ မြေခသည့်ခဏတွင်
လွမ်းဆို့နင့် သေဆုံးကာ
ငရဲမှာ အသင်္ချေ နေရမည့်ဘ၀သို့ သူပို့ခဲ့ပါသည်။

အခါတပါးက တယောက်သောသူ၏ ခြေရာများသို့
အစဉ်အောင်းမေ့ရင်း
ကဗျာကြားမှ မပျောက်သောအပူ၏ ဝေဒနာများသို့
အသွင်ပြောင်းရွှေ့လိုက်ပါသည်။

ရေးချင်ရာတွေ လျှောက်ရေးထားတာပါ ...
နားလည်ဖတ်ရှုခံစားပေးနိုင်မယ်ဆိုရင်ဖြင့် ကျေးဇူးအထူးပါခင်ဗျာ
ဟယ်ရီ

3 comments:

အိ said...

ရင်မှာအစဉ် ဖြစ်သိုလာသော သောက၏ညတို့ပင်တည်း။

သူချခဲ့သောခြေရာအနှုတ်အသွင်းများတွင်
အပူကြွခဲ့သောဝေဒနာရုပ်ကြွင်းများတည်၏။

လေမှာလွင့်မျောရသော ရွက်ကြွေတို့ကဲ့သို့
ဝေဒနာရင့်သောကအမောရက်ရှည်တို့ တည်၏။

ဖြေရာမဲ့ဘ၀ကို
နဘေရှာဖွဲ့ရမည်ဆိုပါက
နွမ်းချို့ရင့် ကြေပြုန်းကာ
အသည်းနာ ဘ၀င်ကြွေ မြေခသည့်ခဏတွင်
လွမ်းဆို့နင့် သေဆုံးကာ
ငရဲမှာ အသင်္ချေ နေရမည့်ဘ၀သို့ သူပို့ခဲ့ပါသည်။

အခါတပါးက တယောက်သောသူ၏ ခြေရာများသို့
အစဉ်အောင်းမေ့ရင်း
ကဗျာကြားမှ မပျောက်သောအပူ၏ ဝေဒနာများသို့
အသွင်ပြောင်းရွှေ့လိုက်ပါသည်။

ရေးချင်တာလျှောက်ရေးထားတာတွေက ကောင်းချင်သလိုဇွတ်ကောင်းနေတယ် ကိုဟယ်ရီရေ...

ကိုဖြိုးငြီမ်း said...

သူချခဲ့သောခြေရာအနှုတ်အသွင်းများတွင်
အပူကြွခဲ့သောဝေဒနာရုပ်ကြွင်းများတည်၏။


အရမ်းကြိုက်တယ် ဒီစာသားလေးကို

Harry said...

အားပေးတဲ့အတွက် ကျေးဇူးပါ အိမလေး နဲ့ ညီလေး ဖြိုးငြိမ်းရေ ..
တကယ်တော့ စိတ်ထဲ ခံစားမိတာ ချရေးထားတာပါ