Friday 12 September 2008

ရင်မှမိုး

ညိုယောင်ဆင်၊
ရင်ခွင်ကမိုး။

သူ တိမ်းလေရဲ့၊
သူစိမ်းတွေပြင်ပြင် ပမာမို့၊
အပူကိန်းသူ ရင်ခွင်မှာတော့၊
သခင် မကြင်နာ ဖျက်ခြွေရက်တာကြောင့်၊
မြင်မြင်ရာ မျက်ရည်စက်တွေက၊
ရက်ရှည်ဆက် ငွေ့ရည်ဖွဲ့ပါလို့၊
ဝေ့ကြွေရဲ့ မိုးတွေမစဲအောင်ကွယ်၊
သဲစွေလို့ဖြိုး။

တခါက မစဲနိုင်အောင် ရင်ထဲတွင်စွေခဲ့ရလေသော မိုးများသို့ ...

အခုတလော ဒွေးချိုးတွေပဲ ရေးချင်စိတ်ပေါ်နေလို့ ရေးမိတာပါ။ ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဟယ်ရီ

4 comments:

အိ said...

ကိုဟယ်ရီ ရေ..ကဗျာကို
ယူသွားပြီ ဘလော့ခ်မှာတင်ဖို့ ဟီး

Harry said...

ရပါတယ် အိမရေ .. အမြဲအားပေးနေလို့ ကျေးဇူးပါ

nightbird said...

သြော် ရင်ခွင်ကမိုးရယ် ... လွမ်းလာပြီ ... လှလိုက်တဲ့ ကဗျာ ... ရွာမှာ တင်ပါ နောင်ကြီးရေ

Harry said...

ဟုတ် ကိုကြီး တင်ပါ့မယ် ခင်ည